Thursday, May 19, 2011

ကောင်းကင်တမွတ် ကြယ်ကိုဆွတ်

12, FEB, 2011


လွှင့်မြောခြင်း (၂)

လွှင့်မြောခြင်း (၂)

လေပြေလေးတစ်ချက် ဝေ့သလို

မြက်ပင်လေးတစ်ချက် ယိမ်းသွားတယ်

မှုတ်ထုတ်လိုက်တဲ့ လေပူနောက်မှာ

သောကတွေ တသီတတန်းနဲ့ …

ရွက်ကြွေတာကိုတောင် ထိုင်ရယ်ချင်တယ်

ဆယ်ကျော်သက် ရယ်သံမျိုးတော့ ဟုတ်ဖူး …

ရယ်သံနောက်မှာ ငိုသံလိုက်တယ်တဲ့

အံကြိတ်ထားလို့ ငိုသံမထွက်ပေမယ့်

နင့်ခနဲတော့ ဖြစ်မိသား …

ပြန်မရနိုင်တော့တဲ့ အတိတ်ကိုတောင်

သတိရလိုက်သေးတယ်

ဒါတောင် သင်ခန်းစာ မရသေးဘူးလားတဲ့။

ကြယ်တံခွန်

လွှင့်မြောခြင်း (၁)

လွှင့်မြောခြင်း (၁)

ခြေလှမ်းတွေမှန်မှန်နဲ့

အတွေးတွေဟိုဒီလှည့်နေချိန်

ခလုတ်တိုက်မိတဲ့သူလို…

တွဲလက်ကိုခိုင်ခိုင်မြဲ

မခွဲတမ်းဆွဲကိုင်ချိန်

ပြိုလဲကျ ကောင်းကင်လို…

မသိခဲ့ပါဘူး

စိတ်ကူးနဲ့ရူးခဲ့တော့

အမှန်တရားရဲ့အခြားတစ်ဘက်မှာ

စုန်းစုန်းနှစ်မြုပ်ခဲ့ပေါ့ ။

ကြယ်တံခွန်

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း

ကိုယ်လျှောက်မည့်လမ်း မြင်မိသားနှင့်

လမ်းပျောက်သောသူ တွေ့ဖူးပါလော။

တို့ပိုင်ပစ္စည်း တို့သိသားနှင့်

အဝေးကနေ ငေးဖူးပါလော။

ကိုယ်လျှောက်မည့်လမ်း ပျောက်ခဲ့ဖူးလည်း

တို့ပိုင်ပစ္စည်း ငေးခဲ့ဖူးလည်း

လမ်းဆုံးတစ်နေ့ ရောက်လိမ့်မည်

လက်ဝယ်တစ်နေ့ ရလိမ့်မည် ။

ကြယ်တံခွန်

အမြင်

အမြင်

အချစ်က နေ့အလင်းရောင်ဆိုရင်

တခါတခါ …

ညက ပိုလင်းပါတယ် ။

ကြယ်တံခွန်

ဘတ်(စ်)ကားပေါ်မှ ခဏတာ...