Showing posts with label အချစ်ကြောင့်ဖြစ်သော စစ်ပွဲများ. Show all posts
Showing posts with label အချစ်ကြောင့်ဖြစ်သော စစ်ပွဲများ. Show all posts

Friday, April 22, 2011

အချစ်ကြောင့်ဖြစ်သော စစ်ပွဲများ

အမုန်းကြောင့်ဖြစ်သော စစ်ပွဲများတဲ့။ ဆရာမဂျူးရေးတဲ့ စာအုပ်ပါ။
အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ စာအုပ်ကို သတိရတိုင်း အချစ်ကြောင့်ဖြစ်သော စစ်ပွဲများအကြောင်းက ကျွန်တော့် စိတ်ထဲဝင်ရောက်လာပါတယ်။
အချစ်ကြောင့်ဖြစ်သော စစ်ပွဲများ … ။
ရာမ၊ လက္ခဏ၊ သီတာဒေ၀ီ၊ ဒသ၁ဂီရိ … တို့ ဇာတ်လမ်း။
စာရေးဆရာကြီး ဟိုးမား ရေးသားတဲ့ အိလျဒ်ထဲက ထရိုင်(ထရိုဂျန်) မင်းသားငယ် ပဲရစ်နဲ့ စပါတာမင်းသမီး ဟယ်လင်တို့ရဲ့ ဇာတ်လမ်း။
ဒီဇာတ်လမ်းနှစ်ခုကို ကျွန်တော်သတိရမိတတ်တယ်။
ဒသ၁ဂီရိက သီတာဒေ၀ီကို ချစ်လို့ ရာမ လက်ထဲကနေ ခိုးယူခဲ့တယ်။ ဒီ့အတွက် ရာမ နဲ့ ဒသ၁ဂီရိတို့ စစ်မက်ဖြစ်ခဲ့ကြတယ်။
မင်းသား ပဲရစ်ကလည်း မင်းသမီး ဟယ်လင်ကို ချစ်လို့ ခိုးယူခေါ်ဆောင်သွားခဲ့တဲ့အတွက် ဂရိနဲ့ ထရိုင်တို့ စစ်မက်ဖြစ်ခဲ့ကြတယ်။
အချစ်ကြောင့်ဖြစ်သော စစ်ပွဲများ … ။
အမုန်းကြောင့်ဖြစ်သော စစ်ပွဲများက ပြင်းထန်သလို အချစ်ကြောင့်ဖြစ်သော စစ်ပွဲများကလည်း ပြင်းထန်လှပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အချစ်နဲ့ စစ်ဖြစ်နေတုန်းပါပဲ။
ကြယ်တံခွန် (6th,Sep,2010)