Thursday, May 19, 2011

တစ်ခါက H5N1/H1N1


ဖိုးကြယ်မင်းမှ သူငယ်ချင်းထံပေးစာ

ဖိုးကြယ်မင်းမှ သူငယ်ချင်းထံပေးစာ
သူငယ်ချင်းရေ
တစ်ခုလောက်မေးချင်တယ်ကွာ သေချာနားထောင် အဲ သေချာဖတ်ပေးနော်
ဆိုကြပါစို့
မနေ့ညကစားကောင်းကောင်းနဲ့ ထမင်းအများကြီးစားခဲ့တယ် ပြီးတော့ သူငယ်ချင်းကလိုက်ကျွေးလို့ ခေါက်ဆွဲကြော်နဲ့ တုတ်ထိုးလည်းအုပ်ခဲ့သေးတယ် လမ်းဘေးလက်ဘက်ရည်ဆိုင်မှာ ၀မ်းတီးခဲ့သေးတယ်
ညရောက်တော့ သံပရာရေ အေးအေးလေးသောက်ပြန်တယ် အိပ်ခါနီးမှာ ပေါင်မုန့်နဲ့ နွားနို့ကို စားသောက်နေကျမို့ ထပ်ပြီး တွယ့့် တွယ့့် 
ကဲ့ မနက်ရောက်ပြီ
အတိုချုံးပြောမယ် အခုမင်းက အိမ်သာထဲမှာ
ရေကလည်းမရှိ တစ်ရှူးလည်းကုန်နေတယ် မင်းကိစ္စကပြီးတော့မယ်
ဘယ်လိုလုပ်မလဲ
တစ်ခုပြောမယ် သွေးအုပ်စုအလိုက် လူတွေပြသနာဖြေရှင်းပုံလေးပေါ့ကွာ
မင်းက အေသွေးသမားဆိုရင် တစ်စုံတစ်ယောက်က တစ်ရှူးယူလာပေးတဲ့အထိ စောင့်မယ်
အေး မင်းက ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့ ဘီသွေးသမားဆိုရင်တော့ မင်းရဲ့လက်ချောင်းလေး နှစ်ချောင်းနဲ့ ဖြေရှင်းမယ်
အေဘီသမားဆိုရင် ပုံးထဲက သူများသုံးပြီးတဲ့ စက္ကူ ပြန်သုံးမယ်
အိုသွေးသမားဆိုရင်တော့ ဟဲဟဲ ဘယ်သူကိုမှဂရုမစိုက်တတ်တဲ့ အတွက် ဒီအတိုင်းလေး ထသွားမယ် တဲ့
မင်းကရော ဘာသွေးလဲ ဘယ်လိုလူမျိုးလဲ
ငါဒီလိုမေးတဲ့အတွက် စိတ်မဆိုးပါနဲ့ကွာ
ပြီးတော့ ဒီအတွေးကလည်း ငါကိုယ်တိုင်တွေးထားတာ မဟုတ်ပါဘူး
ငါသိထားတာကို ပြန်လည်ဖောက်သည်ချပြတဲ့သဘောပေါ့
မင်းလည်းငါ့ကို ဘာသွေးသမားလို့တော့သိချင်နေမှာပဲနော့့်
ငါကတော့ အဲလိုပြသနာဖြစ်တိုင်း အိတ်ကပ်ထဲအမြဲရှိနေတဲ့ ရည်းစားစာနဲ့ ပြီးသွားတာပဲကွာ ။
ဘိုင်
မင်းရဲ့သူငယ်ချင်း ဖိုးကြယ်မင်း



testing muro tool


happy new year

ဖြစ်တတ်ပါတယ်

တခါကပေါ့...

ကမ္ဘာမြေ စိမ်းလန်းပါစေ ပန်းပွင့်တွေဆုတောင်းနေ

ကောင်းကင်တမွတ် ကြယ်ကိုဆွတ်

12, FEB, 2011


လွှင့်မြောခြင်း (၂)

လွှင့်မြောခြင်း (၂)

လေပြေလေးတစ်ချက် ဝေ့သလို

မြက်ပင်လေးတစ်ချက် ယိမ်းသွားတယ်

မှုတ်ထုတ်လိုက်တဲ့ လေပူနောက်မှာ

သောကတွေ တသီတတန်းနဲ့ …

ရွက်ကြွေတာကိုတောင် ထိုင်ရယ်ချင်တယ်

ဆယ်ကျော်သက် ရယ်သံမျိုးတော့ ဟုတ်ဖူး …

ရယ်သံနောက်မှာ ငိုသံလိုက်တယ်တဲ့

အံကြိတ်ထားလို့ ငိုသံမထွက်ပေမယ့်

နင့်ခနဲတော့ ဖြစ်မိသား …

ပြန်မရနိုင်တော့တဲ့ အတိတ်ကိုတောင်

သတိရလိုက်သေးတယ်

ဒါတောင် သင်ခန်းစာ မရသေးဘူးလားတဲ့။

ကြယ်တံခွန်

လွှင့်မြောခြင်း (၁)

လွှင့်မြောခြင်း (၁)

ခြေလှမ်းတွေမှန်မှန်နဲ့

အတွေးတွေဟိုဒီလှည့်နေချိန်

ခလုတ်တိုက်မိတဲ့သူလို…

တွဲလက်ကိုခိုင်ခိုင်မြဲ

မခွဲတမ်းဆွဲကိုင်ချိန်

ပြိုလဲကျ ကောင်းကင်လို…

မသိခဲ့ပါဘူး

စိတ်ကူးနဲ့ရူးခဲ့တော့

အမှန်တရားရဲ့အခြားတစ်ဘက်မှာ

စုန်းစုန်းနှစ်မြုပ်ခဲ့ပေါ့ ။

ကြယ်တံခွန်

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း

ကိုယ်လျှောက်မည့်လမ်း မြင်မိသားနှင့်

လမ်းပျောက်သောသူ တွေ့ဖူးပါလော။

တို့ပိုင်ပစ္စည်း တို့သိသားနှင့်

အဝေးကနေ ငေးဖူးပါလော။

ကိုယ်လျှောက်မည့်လမ်း ပျောက်ခဲ့ဖူးလည်း

တို့ပိုင်ပစ္စည်း ငေးခဲ့ဖူးလည်း

လမ်းဆုံးတစ်နေ့ ရောက်လိမ့်မည်

လက်ဝယ်တစ်နေ့ ရလိမ့်မည် ။

ကြယ်တံခွန်

အမြင်

အမြင်

အချစ်က နေ့အလင်းရောင်ဆိုရင်

တခါတခါ …

ညက ပိုလင်းပါတယ် ။

ကြယ်တံခွန်

ဘတ်(စ်)ကားပေါ်မှ ခဏတာ...


မ နဲ့ မောင်လေး


မထင်မှတ်တာတွေဖြစ်လာတဲ့အခါ...