Thursday, March 31, 2011

ဒုတိယမ္ပိ (again ... )

မတွေးချင်ဘူး

ရူးတယ်ဆိုဆို

လွန်တယ်ပြောပြော

နှင်ထုတ်မိတယ်

ခဲမှန်ဖူးတဲ့ သူမို့လေ။

....

လေပြေလေးတစ်ချက် ဝေ့သလို

မြက်ပင်လေးတစ်ချက် ယိမ်းသွားတယ်

မှုတ်ထုတ်လိုက်တဲ့ လေပူနောက်မှာ

သောကတွေ တသီတတန်းနဲ့

ရွက်ကြွေနေတာကိုတောင် ထိုင်ရယ်ချင်တယ်

ဆယ်ကျော်သက်ရဲ့ ရယ်သံမျိုးတော့ မဟုတ်ဘူး

ရယ်သံနောက်မှာ ငိုသံလိုက်တယ်တဲ့

အားတင်းထားလို့ ငိုသံမထွက်ပေမယ့်

နင့်ခနဲတော့ ဖြစ်မိသား

ပြန်မရနိုင်တော့တဲ့ အတိတ်ကိုတောင်

သတိရလိုက်သေးတယ်

ဒါတောင် သင်ခန်းစာ မရသေးဘူးလားတဲ့။ ။

moon . . . လ

mr. moon stays alone in the sky,

so he feels lonely in times,

but he do shining for dark times ...


ကောင်ကင်ယံတစ်ကိုယ်တည်း ရွှေလမင်းရယ်

စဉ်သာလေ အထီးကျန်ခြင်း ခံစားမိတယ်

သို့ပေကွယ် အမှောင်ချိန်တိုင်း အလင်းပေးတယ် . . . .

DREAMS

Dream about free

Dream about love

Dream about aim

Dream about life ...

We dream and dream

Dream to be life

So dream and dream

Dreams be our life ...