လွှင့်မြောခြင်း (၁)
ခြေလှမ်းတွေမှန်မှန်နဲ့
အတွေးတွေဟိုဒီလှည့်နေချိန်
ခလုတ်တိုက်မိတဲ့သူလို…
တွဲလက်ကိုခိုင်ခိုင်မြဲ
မခွဲတမ်းဆွဲကိုင်ချိန်
ပြိုလဲကျ ကောင်းကင်လို…
မသိခဲ့ပါဘူး
စိတ်ကူးနဲ့ရူးခဲ့တော့
အမှန်တရားရဲ့အခြားတစ်ဘက်မှာ
စုန်းစုန်းနှစ်မြုပ်ခဲ့ပေါ့ ။ ။
ကြယ်တံခွန်
No comments:
Post a Comment