Friday, April 22, 2011

ကျွန်တော် လက်ဆော့ထားသည်။

မိန်းကလေးများ၏လက်ကို ကျွန်တော်နှစ်သက်တတ်သောအခါ ကျွန်တော်သိရတာက

သူမခန္ဓာကိုယ်မှာ သူမအနှစ်သက်ဆုံးအရာကလည်း သူမ လက်ချောင်းလေးများဖြစ်နေတာပါပဲ။

မိမိ ဘယ်ရာသီကို နှစ်သက်မှန်း မသိသေးခင်က ကျွန်တော်သည် ရာသီစက်ဝန်းများကို အလဟသ

ဖြတ်ကျော်လာခဲ့သည်။ ယခုတော့ ကျွန်တော်သည် ဆောင်းရာသီကို ချစ်တတ်လာသည်။

နွေရာသီ၏ ပူပြင်းဒဏ်ကို မကြိုက်ပေမယ့် ကျွန်တော်မမုန်းခဲ့ပါ။

မိုးရာသီမှာ ရှစ်ခွင်တိုင်းမှိုင်းညို့ခြင်းကို သဘောကျပေမယ့် ခရီးလမ်းသွားလာရ ခက်ခဲမှုကြောင့်

မနှစ်သက်တော့ပါ။ (ဒါပေမယ့် သူမကတော့ မိုးရာသီကို ချစ်ခင်နှစ်သက်သည်ဆိုပဲ)

ဆောင်းရာသီ၏ မနက်ခင်းကို ကြိုက်သည်။ လေစိမ်းတွေတိုက်ခတ်မှုကို နှစ်သက်သည်။

မြူမှုန်နှင်းစက်များ၏ အထိအတွေ့ကို ခံစားချင်သည်။ ဆောင်းရာသီ၏ ရပိုင်ခွင့်ကို ကျွန်တော်ရချင်လာခဲ့သည်။

သူမ မိုးရွာတာကို ကြည့်ပြီး လွမ်းတတ်သလို …

ကျွန်တော်လည်း နှင်းကြွေတာကို ကြည့်ပြီး ဆွေးတတ်ပါသည်။

ကြယ်တံခွန် (7th,Dec,2009)

No comments:

Post a Comment